“မနက်ဖြန်” မှာ ဘာအကြောင်းပြောကြမှာလဲ။ဒီတစ်ခါမှာ Futura ကနေ Tomorrow လို့အမည်ရတဲ့ Online Event လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဒီ Event မှာတော့ AI ရဲ့ အကျိုးသက်ရောက်မှုတွေ အကြောင်းပြောကြမှာပဲဖြစ်ပါတယ်။
AI က Creative Industry မှာ ဘယ်လို Impact တွေရှိလာပြီလဲဆိုတာကို Tomorrow : Impact of AI ပွဲမှာ နားထောင်လို့ရမှာဖြစ်ပါတယ်။
Designer တွေ Creative တွေအနေနဲ့ AI ကို သတိထားမိတာကြာပြီဖြစ်မှာပါ။ AI က လူတွေကိုအစားထိုးကြမယ်ဆိုတာမဟုတ်ပေမယ့် AI ကိုဖြတ်လမ်းတစ်ခုအနေနဲ့ အသုံးချပြီး Creative Industry မှာကော ဘယ်လောက်ထိ AI ကသက်ရောက်မှုတွေရှိလာပြီလဲ၊ Visual Design ပိုင်းမှာကော AI နဲ့ ဘာတွေလုပ်လို့ရနေပြီလဲ၊ UX UI Workflow တွေမှာကော ဘယ်အပိုင်းတွေမှာ AI ကိုအသုံးပြုကြလဲ ဆိုတာတွေကို အခုလက်ရှိ Creative Industry နဲ့ Design Industry မှာ AI ကို ရင်းရင်းနှီးနှီး အသုံးပြုနေသူ အကိုတွေအစ်မတွေကနေ TOMORROW EVENT မှာ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
ပွဲကဘယ်နေ့ကျင်းပခဲ့တာလဲ ပွဲကတော့ ၂၁ ရက်နေ့ စနေနေ့မှာ မြန်မာအချိန် ညနေ ၇နာရီကနေ ၁၀နာရီအထိ တစ်ညနေလုံး ကျင်းပသွားမှာဖြစ်ပါတယ်။ ဘယ်သူတွေရဲ့ စကား၀ိုင်းကိုနားထောင်ရမှာလဲ။ ဒီ Event မှာတော့ Panel စကား၀ိုင်းအဖြစ် ကိုစွမ်းထက်အောင်၊ ကိုသီဟထွန်း နဲ့ ကိုလင်းထွန်းခိုင်တို့ကနေပြီးတော့ “Impact of AI on Creative Industry” ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
ဒါတင်မကသေးပဲ နောက်ထပ် session နှစ်ခုအနေနဲ့ “Impact of AI on Graphic Design” ခေါင်းစဥ်နဲ့ Speaker ကိုထက်အောင်ရှိုင်း၊“Impact of AI on UX UI” ကိုတော့ မဖြူမွန်သိမ့်ကနေပြီးတော့ ပြောပြပေးသွားဖြစ်ပါတယ်။
At FUTURA Design School, we’ve crafted our on-demand and blended learning courses with
busy professionals in mind, ensuring measurable impact every step of the way.