FUTURA ကနေ သုံးရက်တာ ကျင်းပသွားတဲ့ “Brandeology” Branding Conference
FUTURA Design School ကနေ Branding နဲ့ Advertising နယ်ပယ်မှာ နှစ်ပေါင်းများစွာအတွေ့ကြုံရှိတဲ့ Speakerတွေနဲ့အတူ သုံးရက်တာ ကျင်းပသွားတဲ့ Brandeology Branding Conference အကြောင်း ပြောပြပေးချင်ပါတယ်။
“Brandeology” ဆိုတာဘာလဲ။ ဘာလို့ကျင်းပဖြစ်တာလဲ။ “Brandeology” ကတော့ “Branding” နဲ့ “Ideology” နှစ်ခု ပေါင်းစပ်ထားတဲ့ Topics တွေကို အဓိက ပြောပြသွားမယ့် Conference ဖြစ်ပြီး ဒီ Conference ပြီးရင်တော့ Branding အကြောင်းကို ဂဃနဏ သိသွားမှာဖြစ်ပါတယ်။
“Brandeology Conference” ကို ကျင်းပရတဲ့ အကြောင်းအရင်းကတော့ နယ်ပယ်ထဲက ကျွမ်းကျင်ပညာရှင်တွေဆီကနေသူတို့လုပ်ခဲ့တဲ့ Project အကြီးကြီး တွေထဲက သင်ယူစရာတွေနဲ့အတူ Branding အကြောင်းတွေ Brand Storytelling ဘယ်လိုလုပ်ရတယ်ဆိုတဲ့အကြောင်းတွေ
Brand တစ်ခုတည်ဆောက်တဲ့အခါလိုအပ်တဲ့ Brand Strategy ၊ Brand Identity တို့ အပြင်Creative Field ထဲကသူတွေအတွက် Creative Career တစ်ခုကို တစ်ဆင့်ပြီး တစ်ဆင့် ဘယ်လို planမလဲ စတဲ့ အရာတွေကို “အခမဲ့” လေ့လာသင်ယူဆွေးနွေးနိုင်မယ့် အခွင့်အရေး ဖန်တီးပေးချင်တာပဲဖြစ်ပါတယ်။
ဒါဆို ဒီ Conference ကို ဘယ်သူတွေတက်ရောက်နိုင်တာလဲ။ Designer တွေ ၊ Creatives တွေ၊ Marketer တွေနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့ startup owner တွေသာမက Branding နဲ့ Advertising နယ်ပယ်က ဘယ်သူမဆို တက်ရောက်နိုင်ပါတယ်။
Speaker တွေအဓိက ပြောသွားမယ့် topic တွေကတော့
Day 1
7:40 PM (MMT)”The Art & Science of Branding” by Connie Lui
9:00 PM (MMT)“Brand Strategy to Branding” by Ko Pyit Sone Oo
Day 2
7:40 PM (MMT)“Chaos to Creation: Multidisciplinary Craft” by Ma Zin Nwe
8:50 PM (MMT)“This is the Way: Branding is the Foundation of Business Success” by Ko Nan Oo
Day 3
7:40 PM (MMT)“Brand Storytelling in the Age of Noise” by Ko Aung Thura
8:50 PM (MMT) "Plotting your Next Steps in Creative Career” by Ko Nyi Myat
တို့ပဲဖြစ်ပါတယ်။ *Online Conference ဖြစ်တဲ့အတွက်ကြောင့် သုံးရက်တာလုံးကို Zoom ကနေပြီးတော့ ကျင်းပသွားတာဖြစ်ပါတယ်။
Video Recording link - https://youtube.com/playlist?list=PLxU5EDNhJztIghkvY_iL_Qwh8AvAyEW66&si=C5bPyL6hLpbn4qfX
At FUTURA Design School, we’ve crafted our on-demand and blended learning courses with
busy professionals in mind, ensuring measurable impact every step of the way.